
စကားများကို ငယ်ရွယ်စဉ်က ဖတ်ရှု့မှတ်သားခဲ့ဖူးသော်လည်း တိုက်ရိုက်အဓိပ္ပါယ်ကိုမူကား ယခုမှပင် မျက်ဝါးထင်ထင် တွေ့မြင်မိပါတော့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့မှ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ
သာစည်ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၈၈၇ခုနှစ်၊လွန်ခဲ့သောနှစ်ပေါင်း(၁၂၄)နှစ် ခန့်တွင် သာစည်ရွာမှ
အလှူရှင်ကာလသားခေါင်းများ
ဖြစ်ကြသော ဦးလူငယ်နှင့် ဦးညှင်းတို့မှ ဦးဆောင်၍ အများကောင်းမှုဖြင့် တည်ထား ကိုးကွယ်ခဲံကြပါသည်။
ဘုရားကြီး၏ ဥာဏ်တော်မှာ ဦးသျှောင်တော်မှ စမခံထိ (၃၀)ပေ (၆)လက်မ စမခံမှ ပလ္လင်ခြေထိ (၅)ပေ (၆)လက်မ၊ စုစုပေါင်း (၃၆)ပေ ရှိပါသည်။
ယခင် ဖျာပုံရွာနှင့် တဆက်တည်းဖြစ်သော သာစည်ရွာတွင် တည်ထားကိုးကွယ်သောကြောင့်
သာစည်ဘုရားဟု ဘွဲ့တော်တွင်ရစ်ပါသည်။ ယခင် ဖျာပုံရွာ၊ သာစည်ရွာတို့စုပေါင်း၍ ယခုအခါဖျာပုံမြို့ အဖြစ်တည်လျှက် ရှိပါသည်။ ဖျာပုံမြို့သည်ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းနဘေး
ပစောက်သဏ္ဍာန်မြစ်ကွေ့တွင်တည်ရှိပြီး ပင်လယ်နှင့်လည်းနီသဖြင့် ပင်လယ်ဒီရေ၏ တက်ရေ၊ ကျရေ
တိုက်စားမှုဒါဏ်ကို အမြဲခံစားနေရပါသည်။ ဤဘုရားကြီးသည် မူလတည်စဉ်က မြစ်ကမ်းနှင့်
အတန်ငယ်လှမ်းသောအရပ်တွင်တည်ရှိပါသည်။ ဘုရားကြီး၏ ရှေ့မျက်နှာစာတွင် ဖျာပုံမြို့နှင့်
တဆက်တည်းဖြစ်သော အောက်ကွင်းကြီးကျေးရွာသို့တိုင် ရောက် ပထမလမ်း တည်ရှိပါသည်။ လမ်း၏ရှေ့
တွင် ဘုရွားပွဲများကျင်ပရာ မြေဧရိယာအကျယ်ရှိပြီး၊ ၎င်းမှ အိမ်စုများ၊ ထင်းပွဲရုံများ တည်ရှိ ပါသည်။ နှစ်စဉ် ဘုရားပွဲများကျင်းပပြီး မင်းသားကြီးတက်ခေတ်စိန်၊ ဇာတ်မင်းသားကြီး ရွှေနန်းတင်စသော ဇာတ်သဘင်များ ကပြခဲ့ဘူးပါသည်။ မြစ်ကွေ့တို့၏ထုံးစံအတိုင်း မြစ်ရေတိုက်စားမှုကြောင့်တစ်ဘက်ကမ်းပြိုပြီးတစ်ဘက်တွင်သောင်ထွန်းခဲ့ရာမှ ၁၉၆၁ ခုနှစ်၌ ဖျာပုံမြို့တွင် အကြီးအကျယ်ကမ်းပြိုခဲ့ပါသည်။ ကမ်းပြိုမှုကြောင့် သာစည်အရပ်တွင်ရှိသော တောင်ပိုင်း မူလတန်းကျောင်းကို ယခုအမှတ် (၅)ရပ်ကွက်သို့ လည်းကောင်း၊ ပြဿဒ်ဘုန်းတော်ကြီး ကျောင်းနှင့် မင်္ဂလာ သာစည်လုရား ကြီးကျောင်းတို့ကို ဖျာပုံမြို့၏ မြောက်ဘက်ပိုင်း၊ အမှတ်(၃)
အုဋ်တံတိုင်းများ ဆောက်လုပ်ကာရံခဲ့သော်လည်း နေရာအတော် များများမှာ ပြိုကျပျက်စီးခဲ့ပြီး နှစ်စဉ်ရေတိုက် စားမှုကို အနည်းနှင့်အများ ခံစားခဲ့ရပါသည်။
နှစ်ပေါင်းများစွာ ရေတိုက်စားမှုကြောင့် ပထမလမ်းမှာ ဘုရားကြီးရှေ့မရောက်မီ စာတိုက်လမ်းထောင့်
တွင် လမ်းဆုံးခဲ့ပါသည်။ ဘုရားကြီးရှေ့တွင် လမ်းမရှိတော့ဘဲ မြေနေရာအနည်းငယ်နှင့် မြစ်ရေပြင်ကျယ်
သာရှိပါတော့သည်။ ရေတိုက်စားမှုကြောင့် ဘုရားကြီးရှေ့ ရင်ပြင်တော်အောက်တွင် ဂလိုင်များဖြစ်ပေါ်ပြီး
ရေသံများကြားနေရခြင်း၊ လမ်းမရှိတော့သဖြင့် ခြုံနွယ်ပိတ်ပေါင်းများထူထပ်လာခြင်း၊မူလတန်ဆောင်း
တော်ကြီးမှာ အုံ့ဆိုင်းနေပြီး ဘုရားကြီးအား အနီးကပ်စောင့်ရှောက်ကိုးကွယ်နေသော ဘုန်းတော်ကြီး
ကျောင်းများ မရှိတော့သဖြင့် အခြေမဲ့အနေမဲ့များ ခိုအောင်းနေခြင်းတို့ကြောင့် ဘုရားကြီးအား လာရောက်
ဖူးမျှော်သူများ တစ်စတစ်စနည်းပါးလာခဲ့ရပါသည်။ ဘုရားကြီးတ၀ိုက်တွင် မသူတော်များ ခိုအောင်းရာ
နေရာဖြစ်လာပါသည်။
လောကနိယာမအတိုင်း မသူတော်များပျော်မွေ့ရာသို့သူတော်ကောင်းများမရောက်နိုင်ပါ။ မလာရောက်
တော့ပါ။ ဖျာပုံမြို့မှ အသက် (၂၀)ကျော် (၃၀)နှစ်အရွယ်လူငယ် လုံမငယ်များ ဤဘုရားသို့ယခင်က
လာရောက်မဖူးဘူးကြပါ။ ဤမျှပင်ဘုရားကြီး၏ သာသနာရောင်ဝါ မှေးမှိန်ခဲ့ရပါသည်။ ၁၉၈၇ ခုနှစ်၊
၂၀၁၀ ခုနှစ်အတွင်း ကမ်းပြိုမှုမှာ သိသိသာသာလျှော့နည်းသွားခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊
ဇန်န၀ါရီလတွင် ပြန်လည်၍ ကမ်းပြိုမှုများ ဖြစ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ မေလ (၂)ရက်နေ့၌ တိုက်ခတ်ခဲ့
သော နာဂစ် မုန်တိုင်းအပြီးတွင် ဘုရားကြီး၏ တန်ဆောင်းတော်ကြီးမှာ လုံးဝပြိုကျပျက်စီးခဲ့ရပါသည်။
ဘုရားကြီးမှာ ၂၀၀၈ ခုနှစ်။ တစ်နှစ်လုံး နေဒါဏ်၊ မိုးဒါဏ်၊ လေဒါဏ်ကို ကြံ့ကြံ့ခံရင်း ခန္တီပါရမီဖြင့်သီတင်းသုံး
ခဲ့ရပါသည်။ ၂၀၀၉ ခုနှစ်တွင်မှ ဒေါက်တာအရှင်ကောဝိဒ (မဇ္ဈိမ ဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာ
ဆရာတော်) ကတန်ဆောင်းတော်သစ် ဆောက်လုပ်လှူဒါန်းသဖြင့် မိုးလုံ၊ လေလုံ၊ ချမ်းမြေ့စွာဖြင့် သီတင်းသုံး
ခွင့်ရပါတော့သည်။ ဤတွင် ဆရာတော်နှင့် ဘုရားကြီးတို့၏ ပတ်သက်ဆက်နွယ်မှုကို ဖော်ပြလိုပါသည်။
တိုက်ဆိုင်မှု တစ်ခုပင်ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်။ မေလ (၂)ရက်နေ့ည၌ ဖျာပုံမြို့၊ ထန်းပင်ကျောင်း
ပရိယတ္တိစာသင်တိုက်တွင် ဆရာတော်၏တရားပွဲ ဒုတိယည ကျင်းပရန်ဖြစ်ပါသည်။ ထို့နေ့တွင် မုန်တိုင်းသ
တိပေးကြေငြာချက်အရ တရားပွဲဖျက်ခဲ့ရပြီးဆရာတော်ကိုယ်တိုင် မုန်တိုင်းကို ရင်ဆိုင်ကြုံတော့ခဲ့ရပါသည်။
ဆရာတော်သည် ဖျာပုံမြို့သို့ ရောက်ဖူးသော်လည်း ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးကို တစ်ခါမျှ
မဖူးဘူးပါ။ ဆရာတော်သည် နာဂစ်မုန် တိုင်း၏ နှိပ်စက်မှုဆိုးကြိုးများကို မျက်ဝါးထင်ထင်တွေ့မြင် ခဲ့ရသ
ဖြင့် တပည့်ဒကာ၊ ဒါယိ ကာမများကို ဦးဆောင်ပြီး နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းများကို နေ့ညမအား
ဆောင်ရွက်ခဲ့ ပါသည်။
နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်အပြီး ၂၀၀၈ ခုနှစ်၊ မေလ (၂၉)ရက် နေ့တွင်
ဆရာတော်သည် အမေရိကန်နိုင်ငံသို့ သာသနာပြုလုန်းငန်းများဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။
နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပင်ပမ်းမှု၊ အမေရိကန်နိုင်ငံတွင် တစ်မြို့မှတစ်မြို့သို့ ကူးသန်း၍
တရားပွဲများကျင်းပရခြင်းကြောင့် ပင်ပန်းမှု၊ စသည့်ပင်ပမ်း မှုဒါဏ်များတို့ကြောင့် ဦးနှောက်သွေးကြော
ပေါက်၍ အမေရိကန်နိုင်ငံတွင်ပင် အရေးပေါ် ဆေးရုံတင်လိုက်ရပါသည်။ ဆရာတော်တွင် မွေးရာပါဦး
နှောက်သွေးကြောပါးသည့် ရောဂါရှိပါသည်။ သို့သော် ယခင်က ထိုရောဂါရှိမှန်း မသိခဲ့ပါ။ အအိပ်ပျက်၊
အစားပျက်နှင့် ပင်ပမ်းမှုဒါဏ်များကြောင့် ဦးနှောက်သွေးကြောပါး ပေါက်ပြီး၊ ဦးနှောက်တွင် သွေးခဲသော
ဝေဒနာခံစား ရပါတော့သည်။ ဦးနှောက်နှစ်ခုအကြားတွင် သွေးခဲခြင်း၊ သွေးယိုစိမ့်မှု မရပ်ခြင်း တို့ကြောင့်
ဆရာဝန်ကြီးများအနေဖြင့် ကုသမှုကို မည်သို့မျှ မဆောင်ရွက်နိုင်ပါ။
ဦးနှောက်သွေးခဲခြင်းကြောင့် ဆရာတော်၏ ခန္ဓာကိုယ်လက်ဝဲဘက်တစ်ခြမ်း အကြောသေသွားခဲ့ရပါ
သည်။ လက်ဝဲဘက် မျက်နှာတစ်ခြမ်းလည်း ရွဲ့သွားခဲ့ပြီး၊ လင်္ကျာမျက်လုံးမှာ ပိတ်၍ မရတော့ပါ။ ရောဂါမှာ
လည်း မသက်သာ ကုသမှုကလည်း မခံရနှင့် အရေးပေါ်ခန်းတွင် သည်အတိုင်းလက်လွှတ်ထားခြင်း ခံခဲ့ရ
ပါသည်။ ယင်းအချိန်တွင် ဆရာတော်သည် ဝေဒနာကိုအံတု၍ ရှု့မှတ်၊ ရွတ်ပွါးရင်းဖြင့် တစ်ချိန်တွင် အိပ်မက်
လိုလိုမျောသလိုလိုဖြင့် ဆရာတော်သတိရသည်မှာ ဆရာတော်သည် သမ္ဗန်တစ်စီးပေါ်တွင် ရောက်နေပါ
သည်။ ဆရ်ာတော်၏ တပည့်ဆရာဝန်မနှင့် သူမ၏သူငယ်ချင်းဆရာဝန် တို့က ဆရာတော် အား သမ္ဗန်ဖြင့်
လိုက်ပို့ရာ မြစ်ကမ်းတစ်နေရာတွင် ဘုရားကြီး တစ်ဆူအား ဖူးတွေ့ရပါသည်။ ဘုရားကြီးရှေ့မြစ်ကမ်းတွင်
လှေ၊ သမ္ဗန်များဖြင့် တိုင်းရင်သားပေါင်းစုံ ပျားပန်း ခတ်မျှ ဖူးမျှော်နေကြပါသည်။ အင်းလေးမှ ရေပေါ်ဈေးကဲ့
သို့ပင် လှေများတစ်စီးနှင့်တစ်စီး ထိစပ်၍ နေပါသည်။ တိုင်းရင်သား ဘာသာစကားမျိုးစုံဖြင့် ဘုရားကြီးအား
ရှိခိုးဆုတောင်း၍ ဖူးမြော်နေကြပါသည်။
ဆရာတော်က “ ဒီဘုရားကြီးက ဘာလဲ ” ဟုမေးရာ ဘုရားကြီးကတန်းခိုးကြီးပြီး ၀ဋ်ကြွေးကျေကြောင်း၊
ဝဋ်နာကံနာရှိလျှင် ပျောက်ကြောင်း၊ ဒါကြောင့်ဆရာတော်ဖူးရအောင်လိုက်ပို့ကြောင်း တပည့်ဆရာဝန်မက
ပြောပါသည်။ ထိုအချိန်၌ ဆရာတော်မြင်တွ့ရသည်မှာ ဘုရားကြီးတွင် တန်ဆောင်းတော်လည်းမရှိ၊ ဘေး
နားတွင်တိုင်ကြီးလေး၊ ငါးတိုင် နှင့် မြက်ပင်ရှည်များသာရှိပါသည်။ “ တန်ခိုးကြီးသည်ဆိုပြီး၊ တန်ဆောင်း
တော်တောင် မရှိပါလား ” ဟု မေးမြန်းရာ နာဂစ်မုန်တိုင်း ကြောင့်တန်ဆောင်းတော်ကြီး ပြိုကျပျက်စီး
သွားရကြောင်းပြော၍ အိပ်မက်ထဲတွင်ပင် ဆရာတော်သည် ဘုရားကြီးအား ရိုသေစွာရှိခိုးပြီး ဤသို့သစ္စာ
ပြုခဲ့ပါသည်။ “ ဘုရားတပည့်တော်သည် ဘ၀သံသရာအဆက်ဆက်မှ ဒီကနေ့ ဒီအချိန်အထိ သူတစ်
ပါးအပေါ်မှာ လွန်ကြူးဖူးသော အကုသိုလ် ကာယကံ၊ ၀စီကံ၊ မနောကံ ၀ဋ်ကြွေးများရှိပါလိမ့်မည်။
၎င်းဝဋ်ကြွေးများရှိခဲ့လျှင် ရှင်တော် မြတ်ဘုရားမှဝဋ်ကြွေးကျေ သည်ဆိုသည့်အတိုင်း တပည့်တော်
ကို ၀ဋ်ကြွေးကျေပေးပါ၊ ခွင့်လွှတ်ပေးပါ။ လွန်ကြူးဖူးသော ပုဂ္ဂိုလ်များကိုလည်း ရှိခိုးတောင်းပန်ပါ
သည်။ ခွင့်လွှတ်ပေးပါ ” ဟု သစ္စ္စ္စာပြုဆုတောင်းခြင်းများ ပြုလုပ်နေစဉ် နှုတ်မှအသံထွက်နေသဖြင့် ဆရာ
တော်၏တပည့် ဆရာဝန်မမှာ ဆရာတော်က သူမအားစကားပြောသည် ထင်ပြီး ဆရာတော်အားမေးရာ
ထိုအခါမှ ဆရာတော်မှာ အိပ်ပျော်နေရာမှနိုးသွားပါတော့သည်။
ထိုအချိန်မှစ၍ ဆရာတော်သည် အိပ်မက်ထဲမှ ဘုရားကြီးကိုသာလျှင် အမြဲရည်မှန်း၍ အာရုံပြုပူဇော် နေခဲ့ပါသည်။ ထိုအတောအတွင်း နေ့ /ည သူနာပြုဆရာမ နှစ်ဦးက မှားယွင်းပြီး အိပ်ဆေး(၂)ကြိမ် တိုက်ကျွေးမှုကြောင့် ဆရာတော်မှာ ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ ရပါသည်။ သွေးယိုစိမ့်မှုမှာလည်း ပိုမိုဆိုးရွာလာခဲ့ပြီး ၊အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေသို့ရောက်လာခဲ့ရပါတော့သည်။
ဆရာတော်၏ နောက်ဆုံးအချိန်ကို သတ်မှတ်လိုက်ပါပြီ။ လက်ရှိခဲနေသော သွေးခဲ ပမာဏနှင့် သွေးယိုစိမ့်မှုနှုန်းများအရ နောက်(၆)နာရီကြာလျှင် ဆရာတော်ပျံလွန်တော်မူ မည်ဖြစ်ပါသည်။ ဆရာတော်သိလိုက်ရသော အချိန်သည်ည(၈)နာရီ ထို့ကြောင့်ဆရာတော်၏ နောက်ဆုံးအချိန်သည် နံနက်(၂)နာရီနှင့် အလွန်ဆုံး(၃)နာရီပင် ဖြစ်ပါသည်။
ဆေးရုံးမှ ဆရာဝန်များက ခွဲစိတ်ကုသလိုသော်လည်း တပည့်များက မခွဲစိတ်လို။ ဆရာတော်ကိုယ်တိုင်က သေလောက်သော ဝေဒနာဖြစ်နေသော်လည်း ကံကောင်းစွာ “သတိ” ရှိနေခြင်းကြောင့် “သတိ” တစ်လုံးလက်ကိုင်ထားပြီး (၆)နာရီလုံးလုံး တရားအမှတ်ဖြင့်သာ နေမည်ပာုဆုံးဖြတ်ခဲ့ပါသည်။
ဤသို့ ဖြင့် ဆရာတော်ဒုတိယအကြိမ် သစ္စာပြုရပြန်ပါပြီ၊ အိပ်မက်ထဲတွင် ဖူးမျှော်ခဲ့ရသော ဘုရားကြီးအား အာရုံပြု၍ တိုင်တည်သစ္စာပြုပါတော့သည်။ “ မှန်လှပါဘုရား၊ တပည့်တော်အတွက် နောက်ဆုံးအချိန် သတ်မှတ်လိုက်ပါပြီ၊ နံနက်(၂)နာရီထိုးလျှင် တပည့်တော်သေရပါတော့မည် ဘုရား၊ တပည့်တော်သည် ယခုအသက်ရှင်ခွင့်ရလျှင် ဒီည (၀၈း၀၀)နာရီမှ နံနက်(၀၈း၀၀)နာရီ
အထိ လုံးဝမအိမ်ပါဘုရား၊ တပည့်တော်ရားသော ရုပ်တရား၊ နာမ်တရားတို့ကို ၀ိပဿနာ ရှုမှတ်ရင်း၊ ဒါမှမဟုတ် ရွတ်ပွါးပူဇော်ရင်ဖြင့် မြတ်စွာဘုရားကို ပူဇော်သွားပါမည်။ တပည့်တော်၏
ပူဇော်သွားပါမည်။ တပည့်တော်၏ ပူဇော်ခြင်းကို အသိအမှတ်ပြုတော်မူပါ၊ တပည့်တော်၏ ပူဇော်
သော ကုသိုလ်ကောင်းမှုကံကြောင့် သူတို့သတ်မှတ်ပြောဆိုသည့် အတိုင်း ယနေ့ည မုချသေ ရ
မည် ဆိုလျှင်နောက်ဆုံးထွက်သက်အထိ တရားအမှတ်ဖြင့် ပူဇော်ရင်းသေခွင့်ရပါစေ ဘုရား၊ သေကံ
မကြုံသေးပါက ယခုပူဇော်သည့် ကုသိုလ်စွမ်းအားကြောင့် လက်ရှိ ရောဂါမှ ချက်ချင်းအမြန်ဆုံး
ကယ် ထုတ်ပေးတော်မူပါအရှင်ဘုရား ”
ဆရာတ်ေသည် သစ္စာဆိုခဲ့သည့်အတိုင်း ရှု့မှတ်ရွတ်ပွားပူဇော်ရင်းဖြင့် သူ၏နောက်ဆုံးအချိန်တို့ ကို
ကုန်လွန်စေခဲ့ပါသည်။ အချိန်တို့(၁)နာရီပြီး(၁)နာရီ ကုန်လွန်စေ ခဲ့ပါသည်။ နံနက်(၃)နာရီထိုးပါပြီ ဆရာတော်ပျံလွန်တော် မမူသေး။ နံနက်(၄)နာရီ(၁၅)မိနစ် ခန့်တွင် ဆရာဝန်ကြီးနှင့်တကွ
ဆရာဝန်များ ရောက်ရှိလာကြပါသည်။ ၄င်းတို့လာရောက်ခြင်းမှာ အကောင်းတော့မပာုတ်၊ ဤအချိန်ဆို
ဆရာတော်ပျံလွန်တော် မူလောက်ပြီ ဆရတော်ပျံလွန်တော်မူလျှင် ဦးခေါင်းကိုခွဲ၍ သွေးခဲဘယ်လောက်
ကြီးသည်လဲ ကြည့်ရန်သာဖြစ်သည်။
သို့သော်----အံသြစရာများ ဖြစ်ကုန်ပြီ၊ ဆရာတော်သည် ပျံလွန်တော်မမူသေးပဲလန်းလန်းဆန်းဆန်းဖြင့်
ရှိနေပါသည်။ သို့ နှင့် အလျင်အမြန်စစ်ဆေးကြည့်ရာ ညဥ့်ဦးကရှိနေသော သွေးခဲပမာဏ(၃.၂)စင်တီမီတာ
သည် ယခုအချိန်တွင် (၃.၀)စင်တီမီတာသာ ရှိတော့သည်။ သွေးယိုစိမ့်မှုလည်း ရပ်သွားသည်။ ဆရာတော်
သိလိုက်ပါပြီ မိမိဝေဒနာရောဂါ အတွက်အားကိုးရာ၊ ကုစားရာသည် ဘုရား၊ တရား၊ သံဃာ မှတပါးအခြား
မရှိပြီ။
ဤသို့ဖြင့် ဆရာတော်သည် နောက်ထပ်(၅)ရက်လုံးလုံး ဆေးရုံပေါ်တွင် တရားအမှတ်ဖြင့်သာဝေဒနာကို
ဆက်လက်ကုစားခဲ့ပါသည်။ (၆)ရက်မြောက်သောနေ့တွင် ပြန်လည်စစ်ဆေးကြည့်ရာ သွေးခဲပမာဏမှာ
(၂.၅)စင်တီမီတာ သာရှိတော့ကြောင်း တွေ့ရပါသည်။
ဆရာတော် ဘ၀သည်(၆)နာရီသာလျှင် လူပြည့်တွင် နေခွင့်ရတော့မည်ပာု ပညာရှင်၊ ဆရာဝန်များပြော
ကြားမှကယ်တင်ခဲ့သော တရားမှာ မြတ်စွာဘုရားကိုယ်စား တည်ထားသော ရုပ်ပွားတော် ပြည်လုံးချမ်းသာ
သာစည်ဘုရားကြီးသည် ကယ်တင်ရှင်နံပါတ် တစ်ပင်။ ဘုရားပောာတရားများကို သမထနှင့်ဝိပဿနာ
အလှည့်ကျရွတ်ပွားဆင်ခြင် ခဲ့သောတရား၏ကျေးဇူးသည် ကယ်တင်ရှင်နံပါတ်နှစ်။ “ဘုရားပေးသော တရား
နှင့်ဘုရားကြီးသည် ငါ၏အသက်ကိုကယ်တင်ခဲ့ပြီ”ပာုဆရာတော်၏နှလုံးသား ထဲမှာစွဲစွဲထင်ထင် မှတ်ယူခဲ့
လေပြီ။ “ဘုရားဖက်တော့ အသက်ရှည်ဆိုသော” စကားသည်ဆရာတော်အတွက်တော့ တကယ်ကိုမှန်ခဲ့
ပါသည်။ ဆရာတော်၏အဖြစ်ကား “ဓမ္မော ပာဝေ ရက္ခတိ ဓမ္မစာ၇ိံ” ဓမ္မော- ရှင်တော်မြတ်ဘုရားတိုင်း
ပောာကြားမြွက်ဖော် တရား ဒေသနာတော်သည်၊ ဓမ္မစာရိံ-တရားကိုတကယ်လက်တွေ့ ကျင့်သုံးနေသော
ပုဂ္ဂိုလ်ကို. ဟဝေ- စင်စစ်ဧကန်အမှန်တကယ်ကိုပဲ ရက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခတိ-ဒီဘ၀နှင့်ဘ၀သံသရာကြုံရမည့်ဘေးဒုက္ခများစွာ
မှကာကွယ်စောင့်ရှောက်ပေးပါပေ၏။တရားဆိုတာ တရားကိုလိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကိုတရားက
စောင့်ရှောက်ပါသည်။
ဆရာတော် ဆေးရုံမှဆင်းပြီး အမေရိကန်တွင်ရှိနေစဉ် တပည့်တစ်ဦးဖြစ်သောကိုစိုင်းကဖျာပုံနာဂစ်ကယ်
ဆယ်ရေး ဗွီဒီယိုအခွေပြသသဖြင့် ကြည့်နေရာမှ မထင်မှတ်ဘဲ ဘုရားကြီးကို တွေ့မြင်လိုက်ရပ်သည်။
မြင်သည်နှင့် သိလိုက်ပါပြီ။ အိပ်မက်ထဲတွင် မိမိမြင်တွေ့ပူဇော်ခဲ့ရသော၊ မိမိ၏အသက်ကို ကယ်တင်ခဲ့သော
ဘုရားကြီးပင်တည်း။ အံသြ၀မ်းသာ လွန်း၍ စကားပင်မပြောနိုင်တော့ပါ။ “ ငါ့ဘုရား၊ ငါ့ဘုရား ” ဟုသာ
ရွတ်ဆိုနေမိပါ တော့သည်။ ဗွီဒီယိုအခွေကြည့်ပြီး နာဂစ်နယ်မြေ ဖျာပုံမြို့ရှိ တပည့်တစ်ဦးထံ တယ်လီဖုန်း
ဆက်မေးပြီး စုံစမ်းကြည့်တော့မှ ဤဘုရားကြီးသည် ဖျာပုံမြို့ရှိ “ ပြည်လုံချမ်းသာ သာစည်ဘုရားကြီး ”
ဟုဆရာတော် သိရှိရပါသည်။ စိတ်ထဲတွင်လည်း ဘုရားကြီးက “မင်း---လူတွေ၊ဘုန်းကြီးတွေကိုသာ ကယ်သွားခဲ့တယ်၊ငါ့ကို မကယ်ခဲ့ပါလား ”ပာုသတိပေးနေသကဲ့သို့ ခံစားရပြီး ဘုရားကြီးနှင့်ပက်သက်၍ဘာကိစ္စပဲပေါ်ပေါ် ငါလုပ်ရမည်ပာုခံယူခဲ့ပါသည်။ ခံယူသည့်အတိုင်းလည်းတန်ဆောင်တော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ တန်ဆောင်တော်ကြီး ဆောက်လုပ်ပြီးစီးကာမှပင် မြစ်ကမ်းပါးပြိုသဖြင့်၊ ဘုရးကြီးရှေ့ ရင်ပြင်တော်မှာ ပြိုကျပျက်စီးခဲ့ရပါသည်။ အနယ်နယ် အရပ်ရပ်မှ အများပြည်သူ အလှူရှင်များ၏ လှူဒါန်းငွေအစုစု တို့ဖြင့် ဘိုးပိုင်များအချိန်မီ စိုက်နိုင်ခဲ့ပြီးရင်ပြင်တော် ကိုပြန်လည်ပြုပြင်နိုင်ခဲ့ပါသည်။
ဆရာတော် မိန့်ဆိုသော စကားတစ်ခွန်းမှာ“သစ္စာဆိုပြီးကုသိုလ်တစ်ခုကို တကယ်ရအောင်လုပ်ကြည့်ပါ ၀ဋ်ကြွေးကျေပြီး ဆုတောင်းပြည့်ပါတယ်” ပာုဖြစ်ပါသည်။တစ်ချိန်ကသာသနာရောင်ဝါမှေးမှိန် ခဲ့ရသောပြည်လုံးချမ်းသာသာစည်ဘုရားကြီးသည် ယခုအခါဆရာတော်နှင့် ခုနှစ်ရက်သားသမီး အပေါင်းတို့ဆောက်လုပ်လှူဒါန်း သောတန်ဆောင်းတော်ကြီးအတွင်း နေ့အခါတွင်ရွှေရောင်တ၀င်းဝင်း၊ ညအခါတွင် ဆီမီးရောင်ရှိန်တထိန်ထိန်ဖြင့် နေ့ရောညပါ သပ္ပါယ်ချမ်းမြေ့စွာဖြင့် ကိန်းဝပ်စံပါယ်လျှက်ရှိနေပါသည်။
ရပ်နီးရပ်ဝေး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံခြားသားများပါမကျန် စည်ကားစွာဖြင့်လာရောက် ဖူးမြော်နေကြသည်မှာလည်း ဆရာတော်၏အိပ်မက်အတိုင်းပင်ဖြစ်ပါသည်။
သြော်----ဘုရားရှင်သော်မှ အမှီရှိမှပွင့်သည် ပွင့်ချိန်တန်မှပွင့်သည်ဆိုသည့် စကားများကိုဝဋ်ကြွေးပြေဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးက သက်သေပြလျက်ရှိနေပါသည်။
No comments:
Post a Comment