Thursday, January 2, 2020

ဖျာပုံမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး နှင့် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာရှင်ကောဝိဒ ၏အကြောင်းတစေ့တစောင်း



ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သော်မှ “ အမှီရှိမှ ပွင့်သည် ” “ ပွင့်ချိန်တန်မှ ပွင်သည် ” ဆိုသည့်
 စကားများကို ငယ်ရွယ်စဉ်က ဖတ်ရှု့မှတ်သားခဲ့ဖူးသော်လည်း တိုက်ရိုက်အဓိပ္ပါယ်ကိုမူကား ယခုမှပင် မျက်ဝါးထင်ထင် တွေ့မြင်မိပါတော့သည်။
 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့မှ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ
 သာစည်ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၈၈၇ခုနှစ်၊လွန်ခဲ့သောနှစ်ပေါင်း(၁၂၄)နှစ် ခန့်တွင် သာစည်ရွာမှ
အလှူရှင်ကာလသားခေါင်းများ
ဖြစ်ကြသော ဦးလူငယ်နှင့် ဦးညှင်းတို့မှ ဦးဆောင်၍ အများကောင်းမှုဖြင့် တည်ထား ကိုးကွယ်ခဲံကြပါသည်။
ဘုရားကြီး၏ ဥာဏ်တော်မှာ ဦးသျှောင်တော်မှ စမခံထိ (၃၀)ပေ (၆)လက်မ စမခံမှ ပလ္လင်ခြေထိ (၅)ပေ (၆)လက်မ၊ စုစုပေါင်း (၃၆)ပေ ရှိပါသည်။
   ယခင် ဖျာပုံရွာနှင့် တဆက်တည်းဖြစ်သော သာစည်ရွာတွင် တည်ထားကိုးကွယ်သောကြောင့်
သာစည်ဘုရားဟု ဘွဲ့တော်တွင်ရစ်ပါသည်။ ယခင် ဖျာပုံရွာ၊ သာစည်ရွာတို့စုပေါင်း၍ ယခုအခါဖျာပုံမြို့ အဖြစ်တည်လျှက် ရှိပါသည်။ ဖျာပုံမြို့သည်ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းနဘေး
ပစောက်သဏ္ဍာန်မြစ်ကွေ့တွင်တည်ရှိပြီး ပင်လယ်နှင့်လည်းနီသဖြင့် ပင်လယ်ဒီရေ၏ တက်ရေ၊ ကျရေ
တိုက်စားမှုဒါဏ်ကို အမြဲခံစားနေရပါသည်။ ဤဘုရားကြီးသည် မူလတည်စဉ်က မြစ်ကမ်းနှင့်
အတန်ငယ်လှမ်းသောအရပ်တွင်တည်ရှိပါသည်။ ဘုရားကြီး၏ ရှေ့မျက်နှာစာတွင် ဖျာပုံမြို့နှင့်
တဆက်တည်းဖြစ်သော အောက်ကွင်းကြီးကျေးရွာသို့တိုင် ရောက် ပထမလမ်း တည်ရှိပါသည်။ လမ်း၏ရှေ့
တွင် ဘုရွားပွဲများကျင်ပရာ မြေဧရိယာအကျယ်ရှိပြီး၊ ၎င်းမှ အိမ်စုများ၊ ထင်းပွဲရုံများ တည်ရှိ ပါသည်။ နှစ်စဉ် ဘုရားပွဲများကျင်းပပြီး မင်းသားကြီးတက်ခေတ်စိန်၊ ဇာတ်မင်းသားကြီး ရွှေနန်းတင်စသော ဇာတ်သဘင်များ ကပြခဲ့ဘူးပါသည်။     မြစ်ကွေ့တို့၏ထုံးစံအတိုင်း မြစ်ရေတိုက်စားမှုကြောင့်တစ်ဘက်ကမ်းပြိုပြီးတစ်ဘက်တွင်သောင်ထွန်းခဲ့ရာမှ ၁၉၆၁ ခုနှစ်၌ ဖျာပုံမြို့တွင် အကြီးအကျယ်ကမ်းပြိုခဲ့ပါသည်။ ကမ်းပြိုမှုကြောင့် သာစည်အရပ်တွင်ရှိသော တောင်ပိုင်း မူလတန်းကျောင်းကို ယခုအမှတ် (၅)ရပ်ကွက်သို့ လည်းကောင်း၊ ပြဿဒ်ဘုန်းတော်ကြီး ကျောင်းနှင့် မင်္ဂလာ သာစည်လုရား ကြီးကျောင်းတို့ကို ဖျာပုံမြို့၏ မြောက်ဘက်ပိုင်း၊ အမှတ်(၃)
အုဋ်တံတိုင်းများ ဆောက်လုပ်ကာရံခဲ့သော်လည်း နေရာအတော် များများမှာ ပြိုကျပျက်စီးခဲ့ပြီး နှစ်စဉ်ရေတိုက် စားမှုကို အနည်းနှင့်အများ ခံစားခဲ့ရပါသည်။

Wednesday, January 1, 2020

ဖျာပုံမြို့၊ ပြည်လုံးချမ်းသာ သာစည်ဘုရား သို့မဟုတ်ဝဋ်ကြွေးတော်ပြေဘုရား

ဖျာပုံမြို့၊ ပြည်လုံးချမ်းသာ သာစည်ဘုရား သို့မဟုတ်ဝဋ်ကြွေးတော်ပြေဘုရား
မြုတေတမွတ်၊ ရှင်တော်ဓာတ် ကို၊ လူနတ်စိတ်ယဉ်၊ စိတ်ဇောဥာဉ် ဖြင့်၊ ဧကဉ္ဇလီ ချချီတုပ်ကွ၊ တစ်ကြိမ် မျှဖြင့်၊ ဂါရဝမှု၊ ပြုရမူကား၊ ထိုသူအား လည်း၊ လေးပါးပယ်ဘေး မထိတည်း။
''နာနာဆန္ဒပျို့''
    မြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်၊ ဆံတော်၊ ဆင်းတုတော်တို့ ကို စိတ်စေတနာ ထက်သန်စွာဖြင့် တစ်ကြိမ်တစ်ခါမျှ ရှိခိုးပူဇော်ငြားအံ့။ ထိုရှိခိုးသော ပုဂ္ဂိုလ်ကား အပါယ်လေး ပါးသော ဘေးမထိတည်း။ ကင်းလွတ်ခွင့်လည်းရပေ၏။
    လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝသို့ လည်း ရောက်ရကုန်၏။
    ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် မြတ်စွာ ဘုရား၏ ဓာတ်တော်မွေတော်များကို ထိုထိုသော ဘုရားပုထိုး များတို့တွင် ဌာပနာထား၍ တည်ထားကိုးကွယ် ကြကုန်၏။ မြတ်စွာဘုရားကိုယ်စား တော်ဖြစ်သည့် ရုပ်ပွားတော်မြတ်များအား လည်း ထုလုပ်ပူဇော်ကြပါသည်။
    ထိုသို့ ပူဇော်ကိုးကွယ်ကြရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ သာစည်ရပ်တွင် မြစ်ဘက်ကမ်းသို့မျက်နှာမူ သီတင်းသုံးနေတော်မူသော ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး လည်း အပါအဝင်ဖြစ်လေသည်။
    ဖျာပုံဆိုသည်မှာ တစ်ချိန်က မွန်လူမျိုးတို့အခြေချခဲ့သည့် နယ်မြေဒေသတစ်ခုဖြစ်ခဲ့သည်ဟု သိရှိခဲ့ရပြီး ဖျာပုံဆိုသော ပညတ်ဖြစ်ပေါ်ပုံမှာ မွန်အသုံးအနှုန်းထမင်းဈေးဟု အဓိပ္ပါယ်ရပါသည်။ ဖျာပုံမြို့သည် ယခင်က ဖျာပုံမြစ်နှင့်အပြောင်ရွာ၊ ချောင်းတွင်း ရွာ၊ အောက်ကွင်းကြီးရွာ စသောနယ်နိမိတ်လေးရပ်အတွင်းရှိ၍ မြစ် ချောင်းများဝန်းရံလျက် ရှိနေခဲ့ပြီး အကွက်ကျ၍ ကြီးမားသော ကျွန်း တစ်ခုအသွင်ဆောင်သော ကုန်းမြေ သဖွယ်ဖြစ်ပါသည်။

Wednesday, July 10, 2013

Candy Crush Saga ( Hack ) apk.

                                 Candy Crush Saga ( Hack ) apk.







ကဲ..ဘော်ဘော်တို့ ရေ..အားလုံးအဆင်ပြေပါစေနော်....:)

<<< Download >>>    Pass >>> kogyikyaw

Sunday, July 7, 2013

Subway Surfers ( 1.12.0 ) Paris Unlimited coins & Keys


 ကဲ... မိတ်ဆွေများခင်ဗျား..စ ဖွင့် ဖွင့်ချင်းမှာ..Android Game သမားများအကြိုက်တခုဖြစ်တဲ့ ..
Subway Surfers ( 1.12.0) Paris ကို Hack ထားတဲ့ Game လေးအရင်တင်ပေးလိုက်ပါတယ်..
ကဲ..အားလုံးပဲ ပျော်ရွှင်ကြပါစေနော်....

<<<<< ဒီမှာ >>>>> ဒေါင်းပါ။ Pass >>> 0009422486823








Candy Crush Saga (Hack) apk. 








ကဲ...ဘော်ဘော်တို့ ရေ..အဆင်ပြေပါစေနော်...:)

<<< Download >>>  Pass>>> kogyikyaw


 

Friday, June 28, 2013

   ပရိတ်သတ် များအား တောင်းပန်လွှာ

ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး Blog အားကျွန်တော်တို့ ညံဖျင်းမူကြောင့် post များထပ်မံမတင်နိုင်ခြင်းကိုတောင်းပန်အပ်ပါသည် ကျွန်တော်တို့ ဘာသာရေးညံ့ ဖျင်းမှုကြောင့်လည်းကောင်း သာစည်ဘုရားကြီး ဂေါပက များမှ data မပို့ ပေးခြင်းကြောင့် ထပ်မံမတင်နိုင်ခြင်းဖြစ်ပါသည်